Friday, December 29, 2006

နှင်းမိုးတွေရွာ
မြန်မာနိုင်ငံမှာတော့ မိုးတွေရွာတာပေါ့ ..... ဒီမှာတော့ နှင်းမိုးတွေ ရွာနေလေရက် ..... ကျွန်တော် စာမေးပွဲလည်း ပြီးသွားပါပြီ ..... ရင်ထဲမှာတော့ အပူမီးတွေ တောက်လောင်နေတယ် ..... ဒီမှာ အေးတဲ့ အအေးဒဏ် က ကျွန်တော် ရင်ကိုအေးမြအောင် မလုပ်နိုင်ပါဘူး .....
TMA

Thursday, December 28, 2006

ကျွန်တော် ဒီနေ့ စာမေးပွဲ ပြီးသွားပါပြီ ..... ပထမနှစ်ဝက်တော့ အောင်မြင်သွားပြီပေါ့ဗျာ ..... ကျွန်တော်သူငယ်ချင်း တစ်ချို့ တော့ မပြီးသေးဘူးဗျ .....

Tuesday, December 26, 2006

အော်... ခုတော့ မော်စကိုမြို့ကြီးလည်း နှင်းတွေကျနေပါပြီလား ..... ကျွန်တော်တို့တွေလည်း စာမေးပွဲ ကိုဆီဖြေနေ ရပြီ ..... ကျွန်တော်ကတော့ ဒီနေ့မှ စဖြေရတာပါ .... စာမေးပွဲ တစ်ခုတော့ အောင်သွားပါပြီ ..... ကျန်တဲ့ စာမေးပွဲ တွေလည်း ဆက်ဖြေရဦးမယ် ..... နှင်းလေးတွေလို ကျွန်တော် ဘ၀လေး အေးချမ်းချင်ပြီဗျာ ..... တကယ်ပါပဲ.... သူငယ်ချင်း အားလုံးလည်း အောင်မြင်ကျပါစေ။ ကျွန်တော် လိုချင်တဲ့ ဘ၀လေး မြန်မြန်ရောက်ချင် ပါပြီ။ ကျွန်တော့် ရင်ထဲက ဆန္ဒလေးပါ။

TMA

Wednesday, December 20, 2006

မမေ့နိုင်သောနေ့
(၁၉ဒီဇင်ဘာ) ကျွန်တော်တို့နဲ့အတူ ကျွန်တော်တို့ သူငယ်ချင်းများ မမေ့သင့်သောနေ့ပါ။ ဘာလို့လည်းဆိုတော့ (၁၉ ဒီဇင်ဘာ)မှာ ကျွန်တော်တို့ တာဝန်ကျရာ လုပ်ငန်းခွင်ကို စ၀င်ဖို့ ကျောင်းဆင်းတဲ့ နေ့လေးပေါ့။ ဒီနေ့မှ ထူးထူးခြားခြား မော်စကိုမှာ နှင်းစကျတယ်။ အေးချမ်းခြင်းရဲ့ အတိတ်နမိတ်ပေါ့။ ဝေးကွာနေတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဒီနေ့လေးကိုတော့ မေ့နေကျမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူငယ်ချင်းတွေ အားလုံး အောင်မြင်နိုင်ကျပါစေ။
TMA

Tuesday, December 19, 2006


Wednesday, December 13, 2006

ဖုန်းလေးတွေက ချစ်စရာကောင်းလို့.... ဘယ်ဖုန်းကြိုက်လည်းဟင်......

Sunday, December 10, 2006

နောင်တမဲ့စွာ

လာခဲ့ပါလို့ မခေါ်ခဲ့သလို
မလာပါနဲ့လို့လည်း မတားခဲ့ပါဘူး
သွားပါလို့ မနှင်ခဲ့သလို
မသွားပါနဲ့လို့လည်း မချည်နှောင်ခဲ့ပါဘူး
စွန့်လွှတ်ခြင်း ပေးဆပ်ခြင်းနှင့်အတ္တမဲ့စွာ
ချစ်ခဲ့သူမို့လာလိုလာ သွားလိုသွား(ချစ်သူအတွက်)
တံခါးမရှိတဲ့ နှလုံးသားမှာပိုင်ဆိုင်လိုမှုမပါ
ချစ်ခြင်းသာ ရှိခဲ့တာကြောင့်
ချစ်သူမကြင်နာ ဖယ်ခွာခဲ့လည်း
ရင်ထဲက ဒဏ်ရာမျိုသိပ်ထားတဲ့ ဝေဒနာကို
တသက်တာအတွက်
နောင်တမဲ့စွာ သိမ်းလို့
နှလုံးသား တံခါးကိုပိတ်
တိတ်တိတ်လေးပဲ ချစ်နေပါ့မယ်။
TMA

Wednesday, December 06, 2006

"ကောင်းကင်နဲ့တူသော ချစ်ခြင်းအဖွဲ့အတွက်"


ငယ်ငယ်တုန်းက မိဘဆူလို့ ငိုဖူးစဉ်မှာ
သူငယ်ချင်းက ချော့ခဲ့ဖူးတယ်.....

အရွယ်ရောက်လို့ အစဉ်မပြေမှုတွေရှိတိုင်းလဲ
သူငယ်ချင်းက ဖျောင့်ဖျဖူးတယ်.....

လောကဒဏ်က ရိုက်ခတ်လို့ စိတ်ဓါတ်တွေကျခဲ့တိုင်းလဲ
သူငယ်ချင်းက အားပေးခဲ့ဖူးတယ်.....

စိတ်အဆင်မပြေတိုင်းလဲ သူကိုပဲဖွင်ဟတိုင်ပင်လို့
ငိုကြွေးမိစဉ်တိုင်းမှာ
ငါ ဟားတိုက်လို့ ရယ်(ရီ)မောရအောင် သူအမြဲပဲလုပ်နိုင်ခဲ့တယ်....

ဒီနေ့
ရင်ခုန်သံတွေနဲ့ သူငယ်ချင်းတွေအတွက်ဆိုပြီး
ကဗျာတွေငါစပ်တော့
လူတော်တော်များများ ငါခံစားချက်တွေနဲ့ ကိုက်ညီနေခဲ့တယ်.....

အခုမှ ငါပိုသိတယ်
သူငယ်ချင်းဆိုတာ လောကကြီးအတွက်လိုအပ်တယ်.....
လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဆိုတာကိုပါ။

အဲဒီတော့
မင်းတို့လို သူငယ်ချင်းတွေငါမှာ ရှိနေတာ
ဒီလောကမှာ ငါ.....
လူဖြစ်ရကျိုး နပ်ခဲ့ပါပြီ။
အချစ်ဆုံးသူငယ်ချင်းများအတွက်
TMA

Tuesday, December 05, 2006

အလိုရှိသည်။

ကောင်မလေးတွေ သိပ်မငေးနဲ့
ပြီးတော့လည်းလေ.....
အိပ်ပျက်စရာ ကဗျာလျော့ရေး
အရက်ဆေးလိပ်မသောက်နဲ့
တီဘီကင်ဆာ ဖျားနာခေါင်းကိုက်
တစ်ခုခုဖြစ်ရင် စိတ်ညစ်ရမှာ
ဒီကသိလား....ဒါပဲနော်
သူများစကားနားမထောင်ရင်
သံယောဇဉ်တွေ ဖြတ်ပစ်လိုက်မယ်
အနမ်းပွင့်တွေ ရုတ်သိမ်းပစ်မယ်
သုံးလေးရက်လောက် စိတ်ကောက်လိုက်မယ်

ဒီလို.....ဒီလို
ချစ်မိန့် ချစ်သံ ချစ်ရာဇသံများ
ဟန်ပန်မူရာ ပိုင်နိုင်စွာနဲ့ ပြောကြားတတ်သူ
ချစ်သူတစ်ဦး "အလိုရှိသည်။"

မှတ်ချက်။ ။(၁၈)နှစ်ထက် မငယ်ရ။(၂၅)နှစ်ထက်မကြီးရ။
အမည်မသိ ရှေးစာဆို
နွေညချမ်း

Monday, December 04, 2006


ကျွန်တော် စီးချင်တဲ့ ဆိုင်ကယ်ပုံစံ တွေပါ။ စိတ်ကူးယဉ်ကြည့်တာနော်။
TMA

Sunday, December 03, 2006

မလွမ်းအောင် နေလို့မရဘူး.....
လွမ်းလွမ်းနေ သူ့ခဗျာ.....
မပျော်အောင်လည်း နေလို့မရဘူး.....
ပျော်အောင်နေ။
TMA