Monday, October 22, 2007


Thursday, October 18, 2007

ခွဲခြား

ကျားဆိုတာ နွားမဟုတ်
နွားဆိုတာလည်း ကျားမဟုတ်

နွားဟာနွား
ကျားဟာကျားပါ။

ကျားဆိုတာ အသားစားပြီး
လူသားစားဖို့ ၀န်မလေးဘူး။

နွားဆိုတာ မြက်စားပြီး
လူသားကို ကြောက်တယ်။

ကျားနဲ့နွားကို
သေသေချာချာ ခွဲခြား
မှားမှာ စိုးလို့ပါ။

TMA

Sunday, October 14, 2007

ဝန်ခံစကား

ငါ့ကို.......
မင်းကြောင့် အရူးတပိုင်းဖြစ်နေပြီလို့ ပြောကြတယ်!

သူတို့ပြောတာ မှန်ပါလိမ့်မယ်.....
ဒါဆို ကျန်တဲ့တစ်ပိုင်းကရော ...... ဘာလဲ??
ဖုံးကွယ်နေပေမယ့် ကိုယ့်ကိုယ်ကိုတော့ နားလည်ခဲ့
ငါ့ရဲ့ နောက်ထပ်တစ်ပိုင်းဟာ ကျေးကျွန် ပါကွယ်
မင်းစေစားရာ ခေါင်းခါခြင်းကင်းစွာ
ကျိုးနွံအမှူထမ်းမယ့် ကျေးကျွန်တစ်ယောက်ပါ

တကယ်တော့ ငါဟာ
အရူးတစ်ပိုင်းနဲ့ ကျေးကျွန်တစ်ပိုင်း ပေါင်းထားတဲ့
မင်းအတွက် အမြဲတမ်းလူပါ။
TMA

Saturday, October 13, 2007

မေ့ဖို့

မျက်လုံးထဲမှာ
မင်းရဲ့ ဓါတ်ပုံတစ်ပုံ ရှိတယ်။

နားထဲမှာ
မင်းအသံ ဓါတ်ပြားတစ်ချပ် ရှိတယ်။

နှလုံးသားထဲမှာ
မင်းနာမည် အက္ခရာတစ်လုံးကို ထွင်းထားတယ်.

မျက်လုံးရယ်၊ နားရယ်
နှလုံးသားရယ် မရှိမှပဲ
မင်းကို မေ့ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မယ်။

TMA

Friday, October 12, 2007

စိတ်ကူး

ချစ်သူမသိခဲ့ဘူး.....
ကျွန်တော်ရဲ့ ချစ်မြတ်နိုးမှူတွေအကြောင်း။

ချစ်သူမသိခဲ့ဘူး.....
ကျွန်တော်ရဲ့ လွမ်းဆွတ်တမ်းတမွှူအကြောင်း။

ချစ်သူမသိခဲ့ဘူး.....
ကျွန်တော်ရဲ့ သူမရှိပဲဖြတ်သန်းနေရတဲ့ ဘ၀တစ်ခုအကြောင်း။

ချစ်သူမသိခဲ့ဘူး.....
ကျွန်တော်ရဲ့ အိမ်မက်တွေအကြောင်း။

ချစ်သူမသိခဲ့ဘူး.....
ကျွန်တော်ရဲ့ အချစ်နဲ့ဘ၀ လွဲမှားမှူတွေအကြောင်း။

ကျွန်တော်သိနေပါတယ်.....
ချစ်သူသိအောင်ပြောပြချင်နေတဲ့ ကျွန်တော်ရဲ့စိတ်ကူးတွေကို..............

TMA