Monday, December 31, 2007

မမြင်အပ်သောအရာ
ပေပင်တစ်ပင်ဟာ
သူ့တစ်သက်မှာ
တစ်ကြိမ်သာ အသီးသီးသတဲ့။

ကျီးကန်းမတစ်ကောင်ဟာ
သူ့တစ်သက်မှာ
တစ်ကြိမ်သာ
သားပေါက်သတဲ့။

ပျားတစ်ကောင်ဟာ
သူ့တစ်သက်မှာ
တစ်ကြိမ်သာ တုပ်နိုင်သတဲ့။

မင်းကျတော့ကာ
တစ်ကြိမ်မှာ
ဥပေါင်း ထောင်သောင်းမက ချတတ်တဲ့
ငါးသလောက် တစ်ကောင်လို
လူပေါင်းများစွာကို ချစ်ခဲ့ပြီးပြီ။

စာအုပ်ပေါင်းများစွာကို
ကိုက်စားတတ်တဲ့ ခြတစ်ကောင်လို
နှလုံးသားပေါင်းများစွာကို ဖျက်ဆီးခဲ့ပြီးပြီ။

အကြိမ်ပေါင်း မရေမတွက်
ဆက်တိုက်ပစ်ခတ်နိုင်တဲ့
စက်သေနတ်တစ်လက်လို
ပါးပေါင်းများစွာကို ရိုက်ခဲ့ပြီးပြီ။

တစ်သက်တာမှာ
တစ်ကြိမ်သာ ပေါက်ကွဲနိုင်တဲ့
လက်ပစ်ပုံးနဲ့ တူတဲ့
ငါ့နှလုံးသားရဲ့ စနစ်တံကိုတော့
မင်းကို ဖြုတ်ခွင့်မပေးနိုင်ဘူး။

TMA

Sunday, December 30, 2007

သကြားခဲလေး
ခဏ ခဏ
ပါးစပ်ကပြောဖူးပေမယ့်
အချစ်ဟာ ဘာလဲ... တွေးမရပါ။
တကယ်တော့
အချစ်ဆိုတာ
နင်ရော ငါပါ မသိတဲ့အရာ.....
ဒါပေမယ့်
နင့်ကို သိပ်ချစ်တာတော့
အရမ်းသေချာ။
TMA