Saturday, July 21, 2007

ချစ်သူဖတ်ဖို့
ဟိုးအဝေးသက်တံရဲ့ အဖျားစွန်းက
အကြင်နာ မျက်ဝန်းလေးနဲ့ ချစ်သူ။
မသိစိတ် အိမ်မက်ထဲမှာ
တိတ်တိတ်လေး စိုးမိုးထားတာ
တဆိတ်မလွန်လွန်းဘူးလားကွာ။

ကောင်မလေးရာ
မင်းရဲ့အနားမှာ အမြဲနေချင်မိတာ။

မျှော်လင့်ခြင်း တံစက်မြိတ် အောက်မှာ
ငါတိတ်တိတ်လေး ရပ်စောင့်နေတာ ကြာပြီ
မင်းဘယ်တော့ လှည့်ကြည့်မလဲ။

လူဆိုတာ တစ်ကြိမ်တစ်ခါတော့
ရူးတတ်စမြဲပဲ။
မင်းနဲ့မတွေတဲ့ နေ့ရက်တွေမှာ
တစိမ့်စိမ့်လွမ်းတတ်အောင်
ဘယ်လိုသံပတ်ပေးထားလဲ။

ညကနက်သထက် နက်လာပြီ
အလွမ်းတွေ ရင့်သထက်ရင့်လာပြီ။

အိမ်မက်ထဲမှာ ငါနဖူးကို
မင်းနှူတ်ခမ်းလေးက ခလုတ်လာတိုက်သတဲ့။

ဘေးနားမှာ ဗုံးကွဲတောင်
အဲဒီအိမ်မက်ကလေးက မနိုးချင်ဘူး။
TMA
Nice Love

I love you more than you will ever know,
My love for you will never go,
I know you don't believe these words I say,
But I think of you all night and day.
Although we cannot be together,
My love for you will be forever,
It's so hard for me to say good-bye,
Although I know I have to I begin to cry.
I wish you felt the way I do,
Because I'd do anything to be with you,
Also I just want you to see,
That I'll always be here if you ever need me
TMA

Sunday, July 15, 2007

Girl

ကျွန်တော် ကြိုက်တဲ့ သီချင်းလေးပါ။ ကိုရီးယား မင်းသမီး ဆိုထားတဲ့ သီချင်းလေးပါ။ Nice Song လေးပါ။
TMA
Nice View

































TMA
ယုံကြည်နေပါ။

Wednesday, July 04, 2007

Difficulties is living in myuni
အော်..... စာမေးပွဲအောင်လို့ ခုမှပဲ အလုံးကြီးကျသွား တော့တယ်။ နောက်တစ်နှစ် ပညာဆက်သင်ဖို့ လက်မှတ်ရသွားတဲ့ အတိုင်းပါပဲ။ အခုဆို ကျွန်တော်အတွက် နွေရာသီ အားလပ်ရက်ကလေးတွေပေါ့ ပြင်းဖို့ ကောင်းတုန်းတော့မှာပဲ။ ဂိမ်းကစား၊ ဇတ်ကားကြည့်နဲ့ပဲ သံသရာလည် နေတာကလည်း ကြာပြီးလေ။ ကျွန်တော် မြန်မာနိုင်ငံကိုလည်း အသေလွမ်းနေပြီဗျာ။
TMA