Saturday, July 21, 2007

ချစ်သူဖတ်ဖို့
ဟိုးအဝေးသက်တံရဲ့ အဖျားစွန်းက
အကြင်နာ မျက်ဝန်းလေးနဲ့ ချစ်သူ။
မသိစိတ် အိမ်မက်ထဲမှာ
တိတ်တိတ်လေး စိုးမိုးထားတာ
တဆိတ်မလွန်လွန်းဘူးလားကွာ။

ကောင်မလေးရာ
မင်းရဲ့အနားမှာ အမြဲနေချင်မိတာ။

မျှော်လင့်ခြင်း တံစက်မြိတ် အောက်မှာ
ငါတိတ်တိတ်လေး ရပ်စောင့်နေတာ ကြာပြီ
မင်းဘယ်တော့ လှည့်ကြည့်မလဲ။

လူဆိုတာ တစ်ကြိမ်တစ်ခါတော့
ရူးတတ်စမြဲပဲ။
မင်းနဲ့မတွေတဲ့ နေ့ရက်တွေမှာ
တစိမ့်စိမ့်လွမ်းတတ်အောင်
ဘယ်လိုသံပတ်ပေးထားလဲ။

ညကနက်သထက် နက်လာပြီ
အလွမ်းတွေ ရင့်သထက်ရင့်လာပြီ။

အိမ်မက်ထဲမှာ ငါနဖူးကို
မင်းနှူတ်ခမ်းလေးက ခလုတ်လာတိုက်သတဲ့။

ဘေးနားမှာ ဗုံးကွဲတောင်
အဲဒီအိမ်မက်ကလေးက မနိုးချင်ဘူး။
TMA

1 Comments:

Blogger KPZ said...

တစ်ကယ်ပဲ ဗုံးကွဲရင် မနိုးဘူးလား... အိပ်ပုတ်ကြီးတာပေါ့.....

7:44 PM  

Post a Comment

Subscribe to Post Comments [Atom]

<< Home