Saturday, October 13, 2007

မေ့ဖို့

မျက်လုံးထဲမှာ
မင်းရဲ့ ဓါတ်ပုံတစ်ပုံ ရှိတယ်။

နားထဲမှာ
မင်းအသံ ဓါတ်ပြားတစ်ချပ် ရှိတယ်။

နှလုံးသားထဲမှာ
မင်းနာမည် အက္ခရာတစ်လုံးကို ထွင်းထားတယ်.

မျက်လုံးရယ်၊ နားရယ်
နှလုံးသားရယ် မရှိမှပဲ
မင်းကို မေ့ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မယ်။

TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home