Sunday, December 10, 2006

နောင်တမဲ့စွာ

လာခဲ့ပါလို့ မခေါ်ခဲ့သလို
မလာပါနဲ့လို့လည်း မတားခဲ့ပါဘူး
သွားပါလို့ မနှင်ခဲ့သလို
မသွားပါနဲ့လို့လည်း မချည်နှောင်ခဲ့ပါဘူး
စွန့်လွှတ်ခြင်း ပေးဆပ်ခြင်းနှင့်အတ္တမဲ့စွာ
ချစ်ခဲ့သူမို့လာလိုလာ သွားလိုသွား(ချစ်သူအတွက်)
တံခါးမရှိတဲ့ နှလုံးသားမှာပိုင်ဆိုင်လိုမှုမပါ
ချစ်ခြင်းသာ ရှိခဲ့တာကြောင့်
ချစ်သူမကြင်နာ ဖယ်ခွာခဲ့လည်း
ရင်ထဲက ဒဏ်ရာမျိုသိပ်ထားတဲ့ ဝေဒနာကို
တသက်တာအတွက်
နောင်တမဲ့စွာ သိမ်းလို့
နှလုံးသား တံခါးကိုပိတ်
တိတ်တိတ်လေးပဲ ချစ်နေပါ့မယ်။
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home