Wednesday, December 06, 2006

"ကောင်းကင်နဲ့တူသော ချစ်ခြင်းအဖွဲ့အတွက်"


ငယ်ငယ်တုန်းက မိဘဆူလို့ ငိုဖူးစဉ်မှာ
သူငယ်ချင်းက ချော့ခဲ့ဖူးတယ်.....

အရွယ်ရောက်လို့ အစဉ်မပြေမှုတွေရှိတိုင်းလဲ
သူငယ်ချင်းက ဖျောင့်ဖျဖူးတယ်.....

လောကဒဏ်က ရိုက်ခတ်လို့ စိတ်ဓါတ်တွေကျခဲ့တိုင်းလဲ
သူငယ်ချင်းက အားပေးခဲ့ဖူးတယ်.....

စိတ်အဆင်မပြေတိုင်းလဲ သူကိုပဲဖွင်ဟတိုင်ပင်လို့
ငိုကြွေးမိစဉ်တိုင်းမှာ
ငါ ဟားတိုက်လို့ ရယ်(ရီ)မောရအောင် သူအမြဲပဲလုပ်နိုင်ခဲ့တယ်....

ဒီနေ့
ရင်ခုန်သံတွေနဲ့ သူငယ်ချင်းတွေအတွက်ဆိုပြီး
ကဗျာတွေငါစပ်တော့
လူတော်တော်များများ ငါခံစားချက်တွေနဲ့ ကိုက်ညီနေခဲ့တယ်.....

အခုမှ ငါပိုသိတယ်
သူငယ်ချင်းဆိုတာ လောကကြီးအတွက်လိုအပ်တယ်.....
လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဆိုတာကိုပါ။

အဲဒီတော့
မင်းတို့လို သူငယ်ချင်းတွေငါမှာ ရှိနေတာ
ဒီလောကမှာ ငါ.....
လူဖြစ်ရကျိုး နပ်ခဲ့ပါပြီ။
အချစ်ဆုံးသူငယ်ချင်းများအတွက်
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home