Sunday, May 13, 2007

ငါအိုသွားသောအခါ
ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ ငါကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဘူးတာတွေကို သတိရပေးပါ။
မလှူပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် ငါကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ။ လမ်းလျှောက်သင်ခါစ အရွယ်တုန်းက တစ်လှမ်းခြင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေ ငါအတွက်အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါကိုကြည့်ပြီင်္း ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ၊ အချစ်နဲ့ အေးမြမှူတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေရမှာပါ။
မှတ်ချက်။ ။အမေများနေ့ အမှတ်တရ
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home