Wednesday, January 24, 2007

“ချစ်သူနှင့် လက်ထပ်သူ”
“ချစ်သူကို လရောင်အောက်မှာ ရှာရမည်”၊“လက်ထပ်သူကို နေရောင်အောက်မှာ ရှာရမည်” ကဗျာ ဆန်ဆန်နှင့် ဆိုရ်ျ ဖတ်ရ်ျ ကောင်းသလို အဓိပါယ်မှာလည်း သာမန်အားဖြင့် မှန်သည် ကောင်းသည်ဟု ထင်ရ၏။ သို့သော် အလေးအနက် စဉ်းစားကြည့်သောအခါ လက်တွေ့ဘ၀မှာ ဆင်ခြင်စရာ များစွာ ဖြစ်လာရသည်။
ထို စာကြောင်း နှစ်ကြောင်း၏ ဆိုလိုချက်မှာ ချစ်သူသည် စိတ်ကူးယဉ် ကြည်နူးစရာ ဖြစ်သည်။ လရောင်နှင့် တူသည်။ လရောင်အောက်မှာ အချစ်၏ သာယာမှူ၊ ကြည်နူးမှူကို အပြည့်အ၀ ခံယူရမည်။ အချစ်၏ အရသာကို တန်အောင် ခံစားရမည်။ သို့သော် ချစ်သူသည် ချစ်ရုံသာ ချစ်ဖို့ဖြစ်သည်။ လက်ထပ်ဖို့မဟုတ်။ ချစ်ပြီးလျှင် ခေါက်ထားခဲ့ လက်ထပ်ယူရမည့်သူကိုတော့ စိတ်ကူးယဉ်ပြီး ရွေးချယ်ရ်ျမရ။ နေရောင်နှင့်တူစွာ အသုံးချရ်ျရမည့် သူ၊ စားဝတ်နေရေး ပြည့်စုံဖူလုံစွာ ထားနိုင်သူကို ယူရမည်။ လက်ထပ် သူသည် နေရောင်အောက်မှာ တင့်တင့်တယ်တယ်နှင့် ဘ၀အာမခံချက် ရှိသူ ဖြစ်ရမည်ဟု အဓိပါယ် ရပါသည်။
ထိုအဓိပါယ်ကိုပင် တချို့က ချစ်သူကို နှလုံးသားဖြင့် ရွေးရမည်ဟု ပြောကြသည်။ ချစ်သူကိုရော လက်ထပ်သူကိုပါ မရိုးမသား သစ္စာမရှိရာ ရောက်စေပါသည်။ တစ်ဖက်သတ် ကျသော သဘောထားများ ဖြစ်သည်။ အခြေခံစိတ်ထား မကောင်းသော အယူအဆများသည် လက်တွေ့ဘ၀တွင် ကောင်းကျိုး မရနိုင်သည်ကို သတိထားသင့်သည်။
ချစ်ရ်ျ ချစ်သူဖြစ်လျှင် လက်ထပ်ဝံ့သော သတ္တိရှိရမည်။ လက်မထပ်နိုင်လျှင် လက်ထပ်ဖို့ စိတ်ကူး မရှိလျှင် အစကတည်းက မချစ်သင့်ပါ။ ချစ်သူဖြစ်ပြီးမှ မလွဲသာ မရှောင်သာသော အကြောင်း အမျိုးမျိုးတို့ကြောင့် ရိုးသားစွာ ကွဲသွားရခြင်းကို အပြစ်မဆိုလိုပါ။ သို့သော် အစကတည်းက ချစ်ရုံသာချစ်မည်။ လက်ထပ်သည်အထိတော့ အစဉ်းစားနိုင်။ လက်ထပ်သော အခါကျတော့ စွန့်ခွာရ်ျ ထားခဲ့မည် ဟူသော အယူအဆများမှာ မရိုးသားရုံမက ကောက်ကျစ်စဉ်းလဲရာ လည်းကျသည်။ ချစ်သူကို သစ္စာမရှိခြင်း၊ ကြိုတင်ရ်ျ သစ္စာဖောက် ထားခြင်းဖြစ်သည်။ ထိုသဘောများမှာလည်း တကယ်စစ်မှန်သော အချစ်၏ အနှစ်သာရနှင့် သာယာကြည်နူးမှူကို ခံစားရမည် မဟုတ်ပါ။
ထိုအယူအဆသည် ချစ်သူကို သစ္စာဖောက်သလို လက်ထပ်ယူမည့် သူကိုလည်း သစ္စာမဲ့ရာ ရောက်စေသည်။ သူ့ကိုလက်မထပ်မီ အခြားသူကို ကြိုတင် ကြံစည်ချက်နှင့်ပင် အချစ်ကုန် ချစ်ခဲ့ပြီ။ လက်ထပ်သူမှာ ချစ်ရ်ျမဟုတ် သူ့ဘ၀ တင့်တယ်ရေးအတွက် အသုံးချဖို့ ခိုင်းစားဖို့ အတွက်သာ ဖြစ်သည်။ နှလုံးသားဆန္ဒ မပါပဲ ဦးနှောက် အသိသက်သက်ဖြင့် ရွေးချယ်လိုက်ခြင်းသာ ဖြစ်သည်။ လက်ထပ်ခံရ သူသာသိလျှင် စက်ဆုပ်နာကျည်းဖွယ် ဖြစ်သည်။ အခြေခံစိတ်ထား မကောင်းပဲ လက်ထပ်သော အိမ်ထောင်ရေးမျိုးသည်လည်း ရုပ်ပစ္စည်းများ ပြည့်စုံချင် ပြည့်စုံမည်။ စစ်မှန်သော မေတ္တာ သစ္စာမပါရ်ျ သာယာချမ်းမြေ့သော အိမ်ထောင်ရေး ဖြစ်နိုင်မည် မဟုတ်ပါ။
ထိုသဘောထားကို မိန်းကလေးများက ခံယူကျင့်သုံးရန် အကြံပြုထားခြင်းမှာလည်း ပိုရ်ျအန္တရာယ် များပါသည်။ တကယ့်လက်တွေ့ ဘ၀တွင် ချစ်သူကို လရောင်အောက်မှာ ချစ်ပြီး လရောင်အောက်မှာ ထားခဲ့ရမည် ဆိုသည်မှာ အပြောလွယ်သော်လည်း အလုပ်ခက်သည်။ ချစ်သူမှာ သက်ရှိလူသား ဖြစ်သည်၊ ခံစား တတ်သော နှလုံးသားရှိသူ ဖြစ်သည်။ ကိုယ်က လွယ်လွယ် ထားခဲ့သော်လည်း သူကလွယ်လွယ်နှင့် နေခဲ့သည်ဟု ယူဆရ်ျမရ၊ သူကပါကိုယ့်လို သဘောထားပြီး ကိုယ့်ကို စွန့်ခွာချင်မှာသာ လွယ်ကူမည်။ သူကမခွာ ချင်လျှင် အခက်တွေ့မည်။ သူ့ဘက်ကလည်း အခွာရအောင် နည်းအမျိုးမျိုး လုပ်စရာတွေ ရှိသည်။ မိန်းကလေးများ သတိထားသင့်သည်။ ယူဆပုံ လွဲမှားလျှင် လရောင်အောက်လည်း မရောက်၊ နေရောင် အောက်လည်းမရောက်ပဲ အမှောင်ထုအောက်မှာ ဒုက္ခရောက်နိုင်သည်။ အငိုလွယ်ပြီး အရှိုက်ခက်နိုင်သည်။ မိန်းကလေးဘက်က မရိုးသားသော အခြေခံဖြင့် လူလည် လုပ်လျှင်လည်း လည်လွန်းသည့် ဘီး ချေးသင့်နိုင်သည်သာ ဖြစ်ပါ၏။
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home