Sunday, January 28, 2007

ဘယ်သူ့ အလုပ်လဲ
မိန်းမ--“ကြားပြီးပလား၊ ဘေးအိမ်က မိန်းမ ကိုယ်ဝန်ရှိနေပြန်ပြီတဲ့တော့”
ယောကျာ်း--“အဲဒါ မင်းအလုပ် မဟုတ်ပါဘူးကွ”
မိန်းမ--“ဘာလဲ၊ ရှင့်အလုပ်လို့ ပြောချင်တာလား”
ငယ်သေးတယ် သားရယ်
“စိုင်းစိုင်း”၏ သားသည် မိဘများကို ပြောသည်။
“ဖေဖေ၊ မေမေ...ကျွန်တော် မိန်းမယူချင်ပြီ”
“သားက ငယ်ပါသေးတယ်ကွယ်”
“ဘယ်ကသာ ငယ်ရမှာလဲ၊ ကျွန်တော့်အသက် ၃၈နှစ်ရှိပြီပဲဟာ”
“ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမဲ့ ဆယ်တန်းအောင်မှ သားကို မိန်းမပေးစားမယ်လို့ သဘောတူ ထားတယ်မလားကွယ့်”


0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home