Monday, November 13, 2006

ပြုံး ပြီး မှ ရယ်(ရီ) ပါ


၁။သူ့လက်ရာ
ဒီနေကျွန်မ ချက်ကျွေးတဲ့ဟင်းက ဘယ့်လိုနေလဲဟင်။
ကောင်းတယ် မိန်းမရာ၊ ချိုပြီး ဆိမ့်နေတာပဲ။
မဟုတ်သေးပါဘူးတော်၊ ချက်ပြုတ်နည်း စာအုပ်ထဲမှာ ချဉ်စပ်လို့ ရေးထားတယ်ရှင့်။
၂။ဒါကလွယ်ပါတယ်
ခင်ဗျားရဲ့  မြိုပတ်ရထား လက်မှတ် မှားနေပါလား။ ခင်ဗျားစီးရမှာကလက်ဝဲရစ်၊အခုရထားကလက်ယာရစ်
ကိစ္စမရှိပါဘူး၊ ဒါဆို ကျွန်တော် နောက်ပြန်ထိုင်ပြီး လိုက်ပါ့မယ်။
၃။မေမေ့စကား
ဆရာမ။ ။လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေတိုင်း ရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်က ဘာမှဂရုမစိုက်ဘူးလား။
ကျောင်းသား။ ။ကျွန်တော့် မေမေက ပြောတယ် ဆရာမ၊ ငါ့သားလက်ရေး မလှလည်း ကိစ္စမရှိဘူးတဲ့။ ဘယ်သူမှ မဖတ်တတ်ရင်နေပါစေတဲ့။ ကြီးရင် ဆရာဝန်ကြီး လုပ်ခိုင်းမှာတဲ့။

ဟာသ စာအုပ်ထဲမှ ယူရေးထားခြင်း ဖြစ်ပါသည်။
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home