Monday, November 06, 2006

ကျွန် တော် ဘ လော့ မှာ ကျွန် တော် မ ရေး ဖြစ် တာ ကြာ ပြီ ထင် တယ်။ ကဲ ခု ကျွန် တော် နဲ့ ကျွန် တော် အ ဖေ ငယ် ငယ် တုန်း က အ ဖြစ် အ ပျက် လေး တစ် ခု ကို ပြော ပြ မယ် ဗျာ။ ယူ တတ် ရင် ပ ညာ ပေါ့။ သိ သွား ရင် သင် ခန်း စာ ပေါ့ ဗျာ။
ကျွန် တော် ငယ် ငယ် တုန်း က အ ဖေ ကိုယ် တိုင် အ င်္ဂ လိပ် စာ ကို သင် ပေး ခဲ့ တယ်။ အ သံ ထွက် မှား ရင် အ ဖေ က ကျွန် တော် ကို ဆူ တယ်။ စာ မ ရ ရင် ကျွန် တော် ကို ပေ တံ လေး နဲ့ ရိုက် တယ်။ အဲ ဒီ တုန်း က ဆို အ ဖေ ကျွန် တော် ကို ဘာ လို့ ဒီ လို လုပ် တာ လည်း ဆို ပြီး ဖေ ဖေ နဲ့ စာ သင် ရ မှာ တစ် ခါ တစ် လေ ကြောက် ခဲ့ မိ တယ်။ ကျွန် တော် အဲ ဒီ လို ဖြစ် တာ ကို ဖေ ဖေ သိ တယ်။ တစ် နေ့ ဖေ ဖေ ကျွန် တော် ကို အိုး ဖုတ် တဲ့ နေ ရာ ကို ခေါ် သွား ခဲ့ တယ်။ ပြီး တော့ ကျွန် တော် ကို ပြော တယ် ကျွန် တော် ရဲ့ ဖေ ဖေ က သား အိုး ဖုတ် တာ ကို သေ ချာ ကြည့် တဲ့။ အိုး ဖုတ် တဲ့ လူ ဟာ အိုး လေး ကို နာ နာ ရိုက် တယ်။ ဘာ လို့ နာ နာ ရိုက် လည်း ဆို တော့ အိုး လေး ကို သူ လို ချင် တဲ့ ပုံ စံ မျိုး ရ အောင် တဲ့။ အဲ ဒီ အ တွက် သူ မှာ ပင် ပန်း ရ တယ်။ အဲ ဒီ ပင် ပန်း မှု တွေ က သူ တို့ အိုး လေး ကောင်း လာ ဖို့။ သူ တို့ အိုး လေး တန် ဖိုး ရှိ လာ ဖို့။ သူ တို့ လုပ် တာ ပါ တဲ့။ အိုး လေး ကို နာ ကျင် စေ ချင် လို့ ဒဏ် ရာ ရ စေ ချင် လို့ လုပ် တာ မ ဟုတ် ပါ ဘူး။ ဒါ ပေ မဲ့ အိုး လေး က အ ကောင်း ဖြစ် မ လာ ဘူး ၊ တန် ဖိုး ရှိ မ လာ ဘူး ဆို ရင် သူ တို့ လုပ် ခဲ့ တာ တွေ ဟာ အ လ ကား ပဲ ဖြစ် လိမ့် မယ် တဲ့။ အဲ ဒီ တုန်း က သား ငယ် သေး လို့ ထင် တယ် ဖေ ဖေ ရယ်။ သား သိပ် နား မ လည် ခဲ့ ပါ ဘူး။ ခု တော့ ဖေ ဖေ ဘာ အ ဓိ ပါယ် နဲ့ လုပ် ခဲ့ တယ် ဆို တာ သား နား လည် နေ ပါ ပြီ ဖေ ဖေ ။

TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home