Saturday, November 25, 2006

ဖွင့်ဟ၀င်ခံချက်

မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုလို သူမနှင့်ကျွန်တော် သိပ်ချစ်ခဲ့ကြပါသည်။ ကျွန်တော်တို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။ သို့သော် ဘာပြီးရင် ဘာလာရမည်ဟူသော ဖြစ်စဉ်မရှိပါ။ ကျွန်တော်တို့မှာ ဆန္ဒတွေရှိသည်။ ကျွန်တော်တို့မှာ မှန်းဆကြည်နူးမှုတွေရှိသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်ဧ။် အနာဂတ်ကို ခုထိမရောက်သေးပါ။ ကျွန်တော် သူမကို အလွန်ချစ် ပါသည်။
............................
အာရုံငါးပါးတွင် အချစ်သည် အနည်းဆုံး တစ်ပါးပါးနှင့် စတင်တတ်သည် ဟုပြောသည်။ ကျွန်တော် ဘယ်အာရုံဖြင့် စတင်ချစ်ခဲ့မိသလဲဟု စဉ်စားကြည့်လျှင် ကျွန်တော် အံ့သြစွာ ရယ်ချင်မိပါသည်။ အဘယ်ကြောင့် ဆိုသော် သူမကို ထိတွေမှုအာရုံ ငါးပါးမှမဟုတ်ပဲ စိုးရိမ်မှုမှ စတင်ချစ်ခဲ့ မိသောကြောင့် ဖြစ်သည်။
ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူး ဆိုတဲ့လူတွေ တော်တော်ညံတာပဲဟု ကျွန်တော် ထင်သည်။ သည်လောက်အရေးကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ဘာကြောင့် သတိမထားမိ တာလဲ။ ဘ၀မှာ အမြဲအောက်မေ့ အမှတ်ရစရာ ကူးပြောင်းမှုတစ်ခုကို လူတိုင်းသတိရနေသင့်သည်ဟု ထင်ပါသည်။ ကျွန်တော်အတွက် အချစ်သည် ကျွန်တော်နှစ်ခြိုက်စွာ အိပ်နေသော နှင်းတို့ဖြင့် မှုန်ရီသော နံနက်ခင်းတစ်ခုက သယ်ဆောင်လို့ ပါလာသော အရာဖြစ်ခဲ့ပါသည်။
အဲဒီ ကောင်မလေးတစ်ယောက်ကို ကျွန်တော် ဒီဇင်ဘာလမှာ စသိခဲ့ခြင်း ဖြစ်ပါသည်။ ဘယ်သူကမှ ကျွန်တော်တို့ကို မိတ်ဆက်မပေးခဲ့။ ကိုယ်ဟာကိုယ်မိတ်ဆက်ရန် အထိလည်း တစ်ယောက်ကိုတစ်ယောက် စိတ်မ၀င်စားခဲ့။
ဇန်န၀ါရီလ နံနက်ခင်းတစ်ခုမှာတော့ သူနှင့်ဆုံခဲ့မိပါသည်။ ဆုံခဲ့မိတော့လည်း သူမ ကျွန်တော်နှင့် စကားပြောဖြစ်သည်။ ကျွန်တော်ပထမဦးဆုံး သူမနှင့်စရ်ျ ခင်မင်ခြင်းဖြစ်သည်။ ကျွန်တော်ကိုသာ သူမက ၀တ္တုတစ်အုပ် အကြောင်းမပြောပြခဲ့လျှင် ကျွန်တော်နှင့်သူမ စကားပြောဖြစ် မဟုတ်ပေ။ ကျွန်တော် မိန်းကလေးတွေနှင့် စကားသိပ်မပြောတတ်သောကြောင့် ဖြစ်သည်။ အဲဒီမှာ အချစ်ရောက်လာဖို့ အခြေအနေကို ကြုံရသည်။ သူမအကြောင်းတွေကိုလည်း ကျွန်တော်သိလာရပါသည်။
သူမကို ကျွန်တော်က "GiGi" ဟု ချစ်စနိုးနှင့် ခေါ်ပါသည်။ ကျွန်တော်အပေါ်ကို ဂျီကျတတ်သောကြောင့်၊ နောက်ပြီး သူမကို သူများတွေ ခေါ်သောနာမည်ကို မကြိုက်သောကြောင့် (သ၀န်တိုသောကြောင့်) ဖြစ်ပါသည်။ သူမနှင့်ကျွန်တော်ကြားတွင် အမှတ်တရတွေ အများကြီးရှိပါသည်။ တစ်ချို့မှာ သူမပေးပဲ ရရှိခဲ့သော အရာများဖြစ်သည်။
ကျွန်တော်တွင် သူမဧ။် ဓါတ်ပုံတွေရှိပါသည်။ ကျွန်တော် သူမကိုချုပ်ခြယ်မှု တောင်းဆိုမှုတွေ မလုပ်ခဲ့ပါ။ ကျွန်တော် ဆေးလိပ်သာတာ၊ ဘီယာသောက်တာ၊ အရက်သောက်တာ သူမ မကြိုက်ပါ။ ကျွန်တော် သူမ မကြိုက်တာကို ကျွန်တော် ရှောင်ခဲ့ပါသည်။ ကျွန်တော် သူမကို မတောင်းဆိုခဲ့ခြင်းမှာ သူမကို သူမဘာသာ သိစေချင်သောကြောင့်ဖြစ်သည်။
သူမသည် သူမလုပ်ချင်သော အရာကို မစဉ်းစားပဲလုပ်တတ်သည်။ ကျွန်တော် သူမအတွက်စိုးရိမ်မိသည်။ သူမအတွက် ကျွန်တော်ဘာမဆို ကျွန်တော် လုပ်ပေးချင်တတ်သည်။ သူမစကားပြောသည့်အခါ ချစ်စရာကောင်းသည်။ ကျွန်တော် သူမနှင့် ပတ်သက်ပြီး ဘာတွေလုပ်ခဲ့သည်၊ ဘာတွေဖြစ်ခဲ့သည်ကို သူမကို ကျွန်တော် တစ်ခါတစ်လေ ရင်ဖွင့်ခဲ့မိသည်။ အရာအားလုံးကို သာရင်ဖွင့်ခဲ့လျှင် သူမအပေါ် ကျွန်တော် ဘယ်လောက်ထိ ချစ်ခဲ့မိသည်ကို သူမသိ ရ်ျသူမ၀မ်းနည်းမည် စိုးသောကြောင့် ဖြစ်သည်။
.................................
ဒါကို အချစ်မဟုတ်ဘူးလို့ တစ်ချိုကဝေဖန်ချင် ဝေဖန်ပါလိမ့်မည်။ အချစ်ဆိုတာ ဘာလည်းအဓိပါယ်ဖော်နိုင် သူတွေကို ကျွန်တော် တကယ်ချီးကျူးပါသည်။ ကျွန်တော် ထိုကဲ့သိုသောသူများကို တွေ့ဖူးပါသည်။ အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းလား။ စွန်လွှတ်ခြင်းလား။ ရင်ခုန်စွာ တတ်မက်ခြင်းလား။ အဲဒါတွေကို ကျွန်တော် မပြောတတ်ပါ။
ကျွန်တော်သိသည့် ကျွန်တော်ဧ။် အချစ်ကတော့ ခိုင်မာစွာ ဆွဲဆောင်သည့် သူမဧ။် ၀ါဝါညက်ညက် အသံ။ သူမကို စိုးရိမ်တတ်သော ကျွန်တော့်စိတ် တို့ဖြစ်သည်။ သူမအတွက် ကျွန်တော်ဘာမှ မရရင်နေပါစေ လုပ်ပေးချင်သည့် ကျွန်တော်ဆန္ဒ တို့ဖြစ်သည်။
အချစ်တစ်ခုဧ။် ရည်မှန်းချက်သည် လက်ထပ်ခြင်းဖြစ်သည်ဟု ပြောလျှင် ခရီးဆုံးဇတ်သိမ်း တစ်ခုဖြစ်မည်။ အချစ်တွင် တာဝန်ယူမှု၊ ကတိပြုမှုပါသလား။ မပါ ပါ။
အချစ်တွင် အချစ်ပဲ ပါ ပါသည်။ လိုက်လျောမှုပါဝင်သော်လည်း၊ အဲဒါတာဝန်ကြောင့် လိုက်လျောတာ မဟုတ်၊ အချစ်စိတ် သက်သက်ဖြင့် လိုက်လျောတာ ဖြစ်သည်။ မြတ်နိုးခြင်းသက်သက်ဖြင့် လိုက်လျောတာဖြစ်သည်။ စောင့်ရှောက်မှု ပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့်၊ ဂတိကြောင့် စောင့်ရှောက်တာ မဟုတ်။ အချစ်စိတ် သက်သက်ကြောင့် ယုယစိတ် သက်သက်ကြောင့် စောင့်ရှောက်ခြင်းဖြစ်သည်။
အချစ်သည် နွားနို့တစ်ခွက် မဟုတ်ရ်ျသိုးသွားမှာ ချဉ်သွားမှာ မစိုးရိမ်ရပါ။ အချစ်ယောင်ဆောင် ထားသည့် မက်မောတွယ်တာမှုတွေကတော့ အချိန်လွန်လျှင် သိုးကုန်နိုင်ပါလိမ့်မည်။
ကျွန်တော်နှင့်သူမဧ။် အချစ်သည် ဘာနှင့်မ ရောမနေသော အချစ်သက်သက်ဖြစ်သည်။ ထိုကြောင့် ကျွန်တော်တို့ ဘာမှထပ်မလိုအပ်ပါ။ ကျွန်တော်တို့မှာ ရှိသောအချစ်သည် တစ်ယောက်ကိုတစ်ယောက် ပေးလို့ယူလို့လည်း မရပါ။ တစ်ယောက်ကိုတစ်ယောက် ခံစားလိုသာရသည်။ နီးလည်းသိပ်မနီးလာခဲ့။ ထို့ကြောင့် သိပ်ဝေးသွားမှာကိုလည်း မပူပင်ခဲ့ပါ။
အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင် ကျွန်တော်မျှော်လင့်တာက သူမအတွက် လှပတဲ့အနာဂတ်လေးတွေပဲ ဖြစ်ပါသည်။
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home