Wednesday, November 22, 2006

ဒါတကယ် ဖြစ်ရပ်...ဒါတကယ် ဖြစ်ရပ်
ကျွန်တော် ဒီနေ့ ကျောင်းကနေ အဆောင်ကို ပြန်အလာ ကျွန်တော် အခန်းမှာ မထင်မှတ်ထားတဲ့ အရာလေး တစ်ခုဖြစ် ပွားခဲ့ပါတယ်။ အဲဒါကတော့ အခန်းမှာ ကျွန်တော်ရဲ့ ကွန်ပြူတာ ပါဝါဆပလိုင်းကြိုး ပျောက်ဆုံးသွားခြင်းပါပဲ။ တကယ်လို့များ ပစ္စည်း ပျောက်သွားတယ် ဆိုရင်တောင် တန်ဖိုးရှိတဲ့ ပစ္စည်းပျောက်ရမှာပါ။ ထူးထူးဆန်းဆန်း ကျွန်တော်ရဲ့ ကွန်ပြူတာ ပါဝါဆပလိုင်းကြိုးမှ ရွေးပျောက်ရတယ်လို့။ သူငယ်ချင်းတွေကို တခန်းဝင် တခန်းထွက် လိုက်မေးတော့လည်း မသိကြဘူး။ ကျွန်တော်တို့ တခန်းလုံး လည်း ကြိုးပျောက်လို့ ဆူညံနေတာပဲ။ ကျွန်တော်လည်း တော်တော် စဉ်းစားရ ကြပ်သွားတယ်။ စိတ်လည်းညစ် သွားတယ်ဗျ။ တော်တော်လည်း ဒေါသထွက်သွားတယ်။ စဉ်းစားကြည့် လေဗျာ။ ယူသွားတာက အားလုံးမဟုတ်ပဲ ကွန်ပြူတာ ပါဝါဆပလိုင်းကြိုး တစ်ချောင်းထဲရယ် .... အဲဒီကြိုးမရှိပဲနဲ့ ကျွန်တော်က ကျွန်တော်ရဲ့  ကွန်ပြူတာကို ဘယ်လိုဖွင့်မလဲ....အုံဖွ ပွင့်စမ်းလည်းလုပ်လို့မရ .... ပြန်ဝယ်ဖို့ ပိုက်ဆံကလည်းမရှိ စိတ်ထဲမှာ ကျလိကျလိနဲ့ .... ဒီလိုနဲ့ ညနေရောက်တဲ့ အထိ ပျောက်ခြင်းမလှကို ပျောက်နေလေရက်ဗျာ။ ညရောက်တော့မှ သူငယ်ချင်း တစ်ယောက်က မင်းတို့ ထမင်းပေါင်းအိုး ကြိုးလာပေးတာတဲ့ ကြည့် လိုက်တော့ ကျွန်တော်နေ့လည် ကတည်းက ပျောက်လို့ ရှာနေတဲ့ ကွန်ပြူတာ ပါဝါဆပလိုင်းကြိုးလေးပေါ့ .... ကျွန်တော်တို့ တခန်းလုံးက ၀ိုင်းပြောတာပေါ့ မင်းကွာ ထမင်းပေါင်အိုးကြိုး နဲ့ ပါဝါဆပလိုင်းကြိုး မှားစရာလို့။ သူက ကျွန်တော်တို့ကို အဟီး .... ထမင်းပေါင်းအိုးကြိုး ထင်လို့ပါကွတဲ့ ..... ထမင်းအိုးနှစ် အိုးတောင်ချက်ပြီးသွားပြီတဲ့ ..... ကျွန်တော်ရဲ့  ပါဝါဆပလိုင်းကြိုးက ကောင်းဆိုပဲ .... ကျွန်တော်မှာ ပလက်ကို လန်တော့တာပဲ။ အော်လောကမှာ ဒါမျိုး ဖြစ်ရပ်တွေ ရှိပါသေးလား။
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home