Monday, November 13, 2006

၁။အကြီးမားဆုံးပြစ်မှု
ခင်ဗျားယောက်ျားနဲ့ ကွာရှင်းခွင့်တောင်းခံရအောင် သူကဘယ်လိုအပြစ်တွေများ ကျုးလွန်နေလို့လဲ။
သူ့အတွက် သတ်သတ် ကျွန်မချက်ကျွေးတာမှန်သမျှ သူမစားခင် ကျွန်မကို အရင်စားခိုင်းလို့။
၂။မေးမှသိတယ်
မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေခင်းတုန်းကတောင် မင်းတို့ အိမ်ရှေ့ က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူ ခွဲနေကြတာ တွေ့မိသေးတယ်ကွ။
ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင် ပရိဘောဂတွေ။
၃။ပူမနေစမ်းပါနဲ့
ဟေ့လူတွေ လိုက်မယ်ဆို မြန်မြန်လုပ်ကြလေ။ ဟိုမှာ သင်္ဘောက ဥသြဆွဲနေပြီ....
အိုကွာ၊ သူ့ဟာသူ ဘယ်လောက် ဥသြဆွဲဆွဲ၊ လက်မှတ်က ငါ့ဆီမှာပဲဟာ.....
၎။ဘယ်သူမှမပြောနဲ့နော်
မြေး။ ။ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင် ဘိုးဘိုး.....
ဘိုးဘိုး။ ။ဟိုး.....တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ .....
မြေး။ ။ဟင်...ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာ ရှိတယ်ဆို.....
ဘိုးဘိုး။ ။ရှူး.....ဘယ်သူမှ လျှောက်မပြောနဲ့ ၊ ဓူဝံကြယ်က တောင်ဘက်ကို ပြောင်းသွားတာ တစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ 
TMA

1 Comments:

Blogger စိုးဇေယျထွန်း said...

good i like your jokey
bro nae i ma see dar kyar p naw
i lae 6 kone dar nae g talk ko ma win phit fu

8:52 AM  

Post a Comment

Subscribe to Post Comments [Atom]

<< Home