Tuesday, October 24, 2006

"အပြာရောင်နတ်သမီးလေး"

အပြာရောင်နတ်သမီးလေးရေ.....
ငါနံဘေးမှာဘာကြောင့်များ
ကိုယ်ရောင်ပြခဲ့တာလည်း
နင်ရဲ့တောက်ပမှုတွေကိုကြည်ဖို့
အင်အား ငါမှာမရှိတော့လို့ပါ။

အပြာရောင်နတ်သမီးလေးရေ.....
နင့်ရဲ့ လှုပ်ရှားမှုနဲ့အသံလေးက
ဘာကြောင့်များ ရစ်မူးစေခဲ့ရတာလည်း
ငါက နင်ကိုချစ်နေမိသူပါ
ရူးသွပ်သွားအောင် မလုပ်ပါနဲ့ကွယ်။

အပြာရောင်နတ်သမီးလေးရေ.....
ငါရဲ့ ပြင်းပြလွန်းတဲ့ မျှော်လင့်ချက်တွေကိုတော့
မရိုက်ချိုးလိုက်ပါနဲ့နော်
ပျော့ညံလွန်းတဲ့ ငါနှလုံးသားလေးက
အနည်မထိုင်သေးလို့ပါကွယ်။

အပြာရောင်နတ်သမီးလေးရေ.....
ငါရဲ့ တောင်းတလွန်းတဲ့ ဆန္ဒတစ်စုံအတွက်
ငါအနားက နင်ထွက်မသွားပါနဲ့နော်
ငါကြိုးစားနေတဲ့ (နင်အတွက်)အရာအားလုံး
ပျက်စီးသွားလိမ့်မယ်။(ငါဘ၀ရောပေါ့)

TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home