ဆန္ဒတစ်စုံ
စိတ်တွေမွန်းကြပ်လာတဲ့အခါ
အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်တယ်
ငါရဲ့ကြေကွဲနေတဲ့နှလုံးသားကို
မင်းမမြင်စေချင်လို့ပေါ့။
တိမ်တွေညိုနေတာမြင်တိုင်းလည်း
မိုးရွာမယ်လို့ထင်ခဲ့မိတာ
ငါအမှားလား?
အချစ်ဆိုတာကလည်း
ပြိုင်ပွဲမစခင်ကတည်းက
ရှုံးနှိမ်ပြီးသားဆိုတော့
ငါအတွက်အဖြေမရှိတော့တာလည်း
သိပ်တော့မဆန်းပါဘူး။
တကယ်တော့
ဘ၀ဆိုတာ တိမ်တိုက်တွေလို
လွတ်လပ်ပေါ့ပါးပြီး
ပျော်စရာကောင်းမယ်လို့
ထင်ထားခဲ့မိတာလေ။
ကျွန်တော်ရဲ့အတ္တ တစ်ခုအတွက်
တစ်စုံတစ်ယောက်ကို
ထိရှသွားမှာ စိုးရိမ်လို့
ဆန္ဒတစ်ခုရဲ့ တောင်းဆိုမှုကြောင့်
ဖြစ်ပေါ်လာတဲ့.....
အလွန်အကျွန် မြတ်နိုးမိတဲ့
ချစ်ခြင်းတွေကို
တိတ်တဆိတ်
ချစ်သူမသိပါစေနဲ့။
TMA
စိတ်တွေမွန်းကြပ်လာတဲ့အခါ
အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်တယ်
ငါရဲ့ကြေကွဲနေတဲ့နှလုံးသားကို
မင်းမမြင်စေချင်လို့ပေါ့။
တိမ်တွေညိုနေတာမြင်တိုင်းလည်း
မိုးရွာမယ်လို့ထင်ခဲ့မိတာ
ငါအမှားလား?
အချစ်ဆိုတာကလည်း
ပြိုင်ပွဲမစခင်ကတည်းက
ရှုံးနှိမ်ပြီးသားဆိုတော့
ငါအတွက်အဖြေမရှိတော့တာလည်း
သိပ်တော့မဆန်းပါဘူး။
တကယ်တော့
ဘ၀ဆိုတာ တိမ်တိုက်တွေလို
လွတ်လပ်ပေါ့ပါးပြီး
ပျော်စရာကောင်းမယ်လို့
ထင်ထားခဲ့မိတာလေ။
ကျွန်တော်ရဲ့အတ္တ တစ်ခုအတွက်
တစ်စုံတစ်ယောက်ကို
ထိရှသွားမှာ စိုးရိမ်လို့
ဆန္ဒတစ်ခုရဲ့ တောင်းဆိုမှုကြောင့်
ဖြစ်ပေါ်လာတဲ့.....
အလွန်အကျွန် မြတ်နိုးမိတဲ့
ချစ်ခြင်းတွေကို
တိတ်တဆိတ်
ချစ်သူမသိပါစေနဲ့။
TMA
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home