Tuesday, October 17, 2006

တောင်းစားခြင်း

  • နံနက်ခင်းတစ်ခုရဲ့ လမ်းမထက်မှာ
  • ငါသိပ်ချစ်တဲ့ ကောင်မလေးကို
  • ငါရဲ့မထိန်းချုပ်နိုင်တော့တဲ့ ချစ်ခြင်းမေတ္တာတွေကို
  • ဖွင့်ဟ၀န်ခံခဲ့မိတယ်...........
  • ငါသိပ်ချစ်ခဲ့ရတဲ့ ကောင်မလေးက
  • ငါကို သူတောင်းစားတဲ့.........
  • ဟုတ်တာပေါ့ ကောင်မလေးရယ်
  • အကောင်းစားတွေ မစားနိုင်တဲ့
  • ငါဟာ သူတောင်းစားပေါ့။
  • လှပတဲ့ ညနေခင်းမှာ
  • ငါသိပ်ချစ်ရတဲ့ ကောင်မလေးကို
  • ပါရာဒိုကားနဲ့ အခန့်သားပါသွား
  • ငါထင်လိုက်ပါတယ်လေ
  • အော်.......ငါလိုသူတောင်းစားတစ်ယောက်
  • မင်းကိုတောင်းစားသွားပါလား။

TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home