Monday, February 25, 2008

အများသုံး ဖိနပ်တစ်ရံ

အချစ်က...,ကျောင်းမပြေးခိုင်းဘူး
အချစ်က...,အငိုခိုင်းဘူး
အချစ်က...,မရက်စက်ခိုင်းဘူး
အချစ်က...,(မိဘကို) လိမ်မပြောခိုင်းဘူး
အချစ်က...,အရက်မသောက်ခိုင်းဘူး....။
တကယ်တော့၊ အချစ်ဆိုတာ
(အပြစ်မဲ့) ဖိနပ်တစ်ရံပါ။

လူတွေ....,
စီးချင်သလို စီးပြီး၊
သွားချင်ရာ သွားခဲ့၊ လုပ်ချင်ရာတွေ လုပ်ခဲ့ကြလို့
“အချစ်”က
(ခဏခဏ) နာမည် ပျက်ပျက်သွားတာ။
ဖိနပ်က...,သယ်ဆောင်သူ မဟုတ်ဘူး
ခြေထောက်တွေကသာ၊ ဦးဆောင်သွားကြတာ။

တကယ်ဆို
အဲ့ဒီ ဖိနပ်လေးကို၊ တရိုတသေ သိမ်းထားပြီး...
လမ်းကောင်းကောင်းတွေ့မှ
လမ်းကောင်းကောင်း လျှောက်တတ်မှ၊
တစ်ယောက် တစ်ရံစီ ထုတ်စီးလိုက်ရရင်...
ဖိနပ်အသစ်လေးနဲ့...,
ဘယ်လောက်လှလိုက်မလဲ။

အဲဒါဆို...
အချစ်လည်း, နာမည်မပျက်တော့ဘူး...။ ။
မောင်လှမျိုး ကဗျာလေး ကြိုက်လို့တင်ပေးလိုက်သည်။
TMA

Sunday, February 24, 2008

သေတမ်းစာ

မြေကြီးပေါ်မှာပဲ
နေတယ်။

မြေကြီးပေါ်မှာပဲ
သေမယ်။

ငါ့ကို...မီးမရို့နဲ့
လေထုညစ်ညမ်းမှာ...စိုးလို့။

ကောင်းကင်ဘုံကို
မမျှော်လင့်ဘူး။

မြေပြင်ကို မညစ်နွမ်းစေရင်
သေပျော်ပါပြီကွယ်...။
TMA

Friday, February 22, 2008

  • Sky is blue
  • My love is true
  • Leaf is green
  • My love is clean
  • Rose is red
  • My love is best


That's right!!
TMA