Wednesday, May 30, 2007

မျက်လုံးလေးလုံး ဆုံတဲ့အခါ
အချစ်ဟာ
လျှိ့ ဝှက်ချက်တစ်ခု မဟုတ်တော့ပါ။

နှစ်ဦးသား အတူရှိနေတဲ့အခါ
လိုအပ်ချက်ဆိုတာ
ရှာလို့ မတွေ့တော့ပါ။

လက်တွေချင်း
ဆုပ်ကိုင်နွေးထွေးစေတဲ့အခါ
ဘ၀တွေချင်းပါ နွေးထွေးလုံခြုံစေခဲ့တာ။

TMA

Friday, May 25, 2007

သူ့ကို မချစ်ဖို့ပြောရင်
ကျွန်တော် ရန်သူပဲ၊
သူ့အကြောင်း မကောင်းကြောင်းပြောတာ
ကျွန်တော့်ကို ဆဲဆိုခြင်းပဲ၊
သူဟာ ကျွန်တော့်ရဲ့
ယုံကြည်ချက်ဖြစ်တယ်.....
မှားနေရင်တောင်
ထာဝရဆုပ်ကိုင်သွားမယ်.....
သူဟာ ကျွန်တော့်ရဲ့
သံလိုက်ပြားလေးဖြစ်တယ်
မြတ်နိုးခြင်းတွေချည်းသက်သက်
ရွေးချယ်ဆွဲငင်တတ်တယ်။
TMA

Sunday, May 20, 2007

ဖခင်.....သားမတတ်တာ ဘာရှိလဲ ဖေဖေကို ပြောပြ
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ(၂)ခုပဲ ရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား.....ဘယ်နှစ်ခု မတတ်တာလည်း
သား.....သား “ဒီဟာ” လည်းမတတ်ဘူး။ သား “ဟိုဟာ” လည်းမတတ်ဘူး
ဖခင်.....^&(@#)%^&#@

TMA
အဖေက ကျွန်တော်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့ ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ စကားနားမထောင်ပဲ အဲဒီလို နေရာမျိုးသွားရင် မမြင်သင့်တာတွေကို မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တစ်ခါမှ မရောက်ဘူးတဲ့ ကျွန်တော် သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်ကလေး လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ ကျွန်တော် မမြင်သင့်တာကို မြင်သွားတယ်။ ဘာမြင်ခဲ့သလဲ..... သိလား?????????? ကျွန်တော် “အဖေ” ကိုလေ....

TMA

Thursday, May 17, 2007

ကော်ဖီ ငန်ငန်

ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ပွဲ ဆိုတော့ ကောင်လေး၊ ကောင်မလေးတွေ စုစုဝေးဝေး၊ ပျော်ပျော်ပါးပါး၊ စားကြ၊ သောက်ကြ၊ စကားပြောကြနဲ့ ဆူညံနေပါတယ်။
အဲဒီအချိန်မှာ ချောချောလှလှ ကောင်မလေးတစ်ယောက်ဝင်လာတော့ ကောင်လေးတွေက စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြတယ်။ ထိုင်စရာ နေရာရှာနေတဲ့ ကောင်မလေးကို မြင်ရတဲ့ ကောင်လေးတစ်ယောက်က ထပြီး သူစားပွဲမှာထိုင်ဖို့ နေရာပေးတော့ ကောင်မလေးက ရှက်ရွံ့ ရွံ့ နဲ့ ၀င်ထိုင်လေရဲ့။
သည်တော့မှ ကောင်လေးလည်း မလုံ့မလဲနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာပဲ စားပွဲထိုးတစ်ယောက်က သူတိုနှစ်ယောက်ရှေ့မှာ ကော်ဖီခွက်ကလေးတွေ လာချပေးသွားတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ရပဲ ကော်ဖီခွက်ကို ငုံကြည့်နေချိန်မှာ ကောင်လေးက အနားမှာရှိတဲ့ စားပွဲထိုးလေးကို “ဆားနည်းနည်းလောက်ပေးပါ”လို့ လှမ်းတောင်းလိုက်ပါတယ်။
ကောင်မလေးမဖို့ အံအားသင့်ပြီ ကောင်လေးကို မော့ကြည့်မိလေရဲ့။ ပြီးတော့ ကော်ဖီခွက်ထဲ ဆားထည့်မွှေနေတဲ့ ကောင်လေးကို ကောင်မလေးရော အနားကလူတွေပါ အထူးအဆန်းလို့ ကြည့်နေကြတယ်။
ကောင်လေးက ကော်ဖီခွက်ကို ရှက်ရှက်နဲ့ပဲ မော့သောက်လိုက်ပါတယ်။ အဲဒီအချိန်မှပဲ ကောင်မလေးက စူးစမ်းရင်း စပ်စုလိုက်ပါတယ်။
“ကော်ဖီကို ဒီလိုပဲ သောက်တတ်သလာဟင်း.....” တိုးတိုးလေးမေးတာပါ။ ကောင်လေး ခေါင်းငုံရင်းက ခပ်ဆိုင်းဆိုင်းလေး ပြန်ပြောတယ်။ “ကျွန်တော်မွေးရပ်မြေက ပင်လယ်ကမ်းစပ်ဆိုတော့ ပင်လယ်ရေထဲမှာပဲ ဆော့ကစား ကြီးပြင်းခဲ့တယ်လေ။ မွေးရပ်မြေနဲ့ ဝေးတဲ့အခါမျိုး၊ အမေ၊ အဖေနဲ့ ရွာကိုလွမ်းတဲ့အခါမျိုးမှာ ပင်လယ်ရေနဲ့ အရသာတူတဲ့ ကော်ဖီငန်ငန်လေးကို အလွမ်းပြေသောက်တာပါ။”
ကောင်လေးက ပြန်ဖြေရင်းက ခေါင်းမော့ပြီး ကောင်မလေးကို စူးစူးရဲရဲပဲ ကြည့်လိုက်တယ်။ အလို သူမျက်လုံးမှာ မျက်ရေတွေဖုံးလိုပါလား။ ကောင်မလေးမျက်နှာ ရင်ထဲက ဂရုဏာ၊ သနားစိတ်တွေ ထင်ဟပ်သွားပါတယ်။
မြင်လျှင်မြင်ချင်း ချစ်မိလိုက် ကောင်လေးနဲ့၊ တွေတွေချင်း စာနာစိတ်တွေ ပေါက်ဖွားသွားတဲ့ ကောင်မလေးတို့ နှစ်ယောက် မေတ္တာမျှသွားခဲ့ကြတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ သူတို့နှစ်ဦး တစ်တွဲတွဲ ဈေးဝယ်၊ ဘုရားသွား၊ ပန်းခြံထဲ လျှောက်လည်ကြလို့ မကြာခင်မှာ ရာသက်ပန်အတူနေကြဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။
ချစ်သူတွေဘ၀မှာရော၊ အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို ကော်ဖီသောက်တိုင်း ဆားထည့်ထည့်ဖျော်လေ့ ရှိပါတယ်။ ကောင်လေးမသောက်ခင် ကော်ဖီကို မြည်းလိုက်တိုင်း ငန်လို့ ကောင်မလေးမျက်နှာဟာ ရှုံ့ရှုံ့သွားရမြဲပါ။
ကြာခဲပါပြီ။
ဟိုတုန်းက ကောင်မလေးဟာ ခုဆို ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါး အဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူလက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ပြီး ဖတ်နေပါတယ်။ မျက်လုံးအစုံမှာလည်း မျက်ရည်စတွေနဲ့။
“ မောင် ဘ၀မကူးခင် အမှန်ကို ၀န်ခံခဲ့ပါရစေ။ အချစ်ကို စတင်မြင်တွေ့စနေ့က မြင်လိုက်တာနဲ့ သူများထက်ဦးအောင် ဖိတ်ခေါ် ခဲ့မိတယ်။ သကြားနဲ့ဆား မှားပြီး ရှက်ရှက်နဲ့ တောင်းမိတယ်။ အလွန်မတန် အရသာ ဆိုးတဲ့ ကော်ဖီငန်ငန်ကို မောင်လုံးလုံးမကြိုက်ဘူး။ ဒါပေမယ့် အချစ်ကို စတွေခဲ့ချိန်ကစပြီး ဒီကော်ဖီ ငန်ငန်ကို မောင် တစ်သက်လုံးသောက်ခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်၊ နောင်တမရမိခဲ့ပါဘူး။ အချစ်နဲ့ ဆုံခဲ့၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင့်ဘ၀အတွက် အပျော်ဆုံးမို့ပါ။ နောက်ဘ၀တွေမှာ အချစ်နဲ့ပြန်ဆုံဖို့ အတွက် ဒီကော်ဖီ ငန်ငန်သောက်ရမယ်ဆိုရင် မောင်သောက်ဦးမှာ။”
မျက်လုံးအစုံက မျက်ရည်စတွေဟာ စာရွက်ပေါ်တွေတွေ ကျသွားပါတယ်။ မျက်ရည်ကို အသာအယာ သုတ်လိုက်ရင်း စားပွဲထိုးကို “ ဆားနည်းနည်းလောက်”လို့ လှမ်းမှာလိုက်တယ်။
စားပွဲထိုးလေးက ဆားပုလင်း လာပေးပါတယ်။ ဆားပုလင်းထဲက ဆားလေးတွေကို ကော်ဖီခွက်ထဲထည့်။ ဇွန်းနဲ့ မွှေလိုက်တယ်။ နောက် ကော်ဖီခွက်လေးမပြီး နှုတ်ခမ်းတေ့ သောက်လိုက်ပါတယ်။ စားပွဲထိုးက အံ့သြသင့်ဟန်ကြည့်ပြီး “ ဘယ်လိုနေလဲ အန်တီ” လို့ မေးတော့ မျက်ရည်ဝေနေတဲ့ မျက်လုံးလေးနဲ့ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။ “ သိပ်ချိုတာပဲကွယ်တဲ့”

မှတ်ချက်။ ။ မနောက်နဲ့နော်၊ ဒါမျိုးတော့ အဟီး.....
TMA

Tuesday, May 15, 2007

I Miss U

Sunday, May 13, 2007

ငါအိုသွားသောအခါ
ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ ငါကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဘူးတာတွေကို သတိရပေးပါ။
မလှူပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် ငါကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ။ လမ်းလျှောက်သင်ခါစ အရွယ်တုန်းက တစ်လှမ်းခြင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေ ငါအတွက်အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါကိုကြည့်ပြီင်္း ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ၊ အချစ်နဲ့ အေးမြမှူတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေရမှာပါ။
မှတ်ချက်။ ။အမေများနေ့ အမှတ်တရ
TMA

Saturday, May 12, 2007

Monday, May 07, 2007

My Dreams House





TMA
You Think Fat Is Ugly?
Check this out!











Well!!!!!! After seeing these I Think I Will Keep My Fat
TMA

Wednesday, May 02, 2007

ရုရှားရောက် မြန်မာကျောင်းသားများ အမှတ်တရ နေ့လေးတစ်ခု


ကျွန်တော် စာတွေပိနေတာနဲ့ပဲ ဘလော့မရေးဖြစ်တာကြာပါပြီ။ အမှတ်တရ အနေနဲ့ ဒီပွဲလေးအကြောင်း ကိုတင်ဖြစ်သွားတာပါ။
ကျောင်သားများ နှုတ်ဆက်နေပုံ။
မြန်မာမင်းသားလေးနှင့် ရုရှားမင်းသမီးလေးတို့ အားပြိုင်နေပုံ။
ဆရာ၊ ဆရာမများ စုဝေးစားသောက်နေပုံ။
ကြွရောက်လာသော ဧည့်ပရိတ်သတ်များ အားပေးနေပုံ။
ဆရာ၊ ဆရာမများ အားပေးနေပုံ။
အားပေးနေသော ရုရှားများနှင့် မြန်မာကျောင်းသားများ။
ဦးတုတ်ကြီး လက်စွမ်းပြနေပုံ။
ရုရှားကျောင်းသူလေးများရဲ့ အက။
စုပေါင်းအက။
ရုရှားကျောင်းသူလေးရဲ့ မြန်မာလို ပြောပြနေပုံ။
ဒိုးပတ်ဝိုင်းနှင့် သူတို့အက။
ဦးရွှေရိုးနှင့် ဒေါ်မိုး(အသဲလေး)အက။
တပင်တိုင် မင်းသားကြီး။
TMA
Good Job Teams